ဤအလုပ်အကြောင်း
**MBS Software ကုမ္ပဏီ တွင် Sales & Marketing Executive ဝန်ထမ်း ခေါ်ယူနေပါသည်။**
MBS Software ကုမ္ပဏီ မှ ရေးဆွဲထုတ်လုပ်ထားသော POS System၊ Restaurant Management System၊ Pharmacy POS၊ Business Management Software နှင့် အခြားသော Software Solutions များကို စီးပွားရေးလုပ်ငန်းရှင်များထံ မိတ်ဆက်ရှင်းလင်း၍ အရောင်းမြှင့်တင်နိုင်မည့် Sales & Marketing Executive တစ်ဦးကို ခေါ်ယူလိုပါသည်။
Customer အသစ်များ ရှာဖွေခြင်း၊ လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို လေ့လာခြင်း၊ Software ၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြသခြင်းနှင့် အရောင်းပိတ်သိမ်းနိုင်ခြင်းတို့ကို အဓိက တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပါသည်။
အရောင်းနှင့် စျေးကွက်ရှာဖွေရေးလုပ်ငန်းများကို စိတ်ဝင်စားပြီး လူအများနှင့် ပြောဆိုဆက်ဆံရေး ကောင်းမွန်သူ၊ သင်ယူလိုစိတ်ရှိသူနှင့် အောင်မြင်မှုရရှိရန် ကြိုးစားလိုသူများ လျှောက်ထားနိုင်ပါသည်။
**အလုပ်နေရာ – မြိတ်မြို့**
**အလုပ်အမျိုးအစား – အချိန်ပြည့် (Full-Time)**
တာဝန်များ
**အဓိကတာဝန်နှင့် ဝတ္တရားများ**
1. မြိတ်မြို့အတွင်းရှိ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆေးဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများထံ သွားရောက်၍ Customer အသစ်များ ရှာဖွေရန်။
2. MBS Software ကုမ္ပဏီ ၏ POS System နှင့် Business Software များကို မိတ်ဆက်ရောင်းချရန်။
3. Customer များအား Software Demo ပြသ၍ အသုံးဝင်ပုံနှင့် လုပ်ငန်းအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောပြရန်။
4. Customer ၏ လုပ်ငန်းလိုအပ်ချက်နှင့် အခက်အခဲများကို နားထောင်ပြီး သင့်တော်သော Software Solution ကို အကြံပြုရန်။
5. Field Sales၊ ဖုန်းဆက်သွယ်ခြင်း၊ Facebook နှင့် Online Marketing မှတစ်ဆင့် Customer အသစ်များ ရှာဖွေရန်။
6. စိတ်ဝင်စားသော Customer များကို Follow-up ပြုလုပ်ပြီး အရောင်းအောင်မြင်စေရန် ကြိုးစားဆောင်ရွက်ရန်။
7. သတ်မှတ်ထားသော လစဉ် Sales Target ပြည့်မီအောင် ဆောင်ရွက်ရန်။
8. လက်ရှိ Customer များနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထိန်းသိမ်းရန်။
9. ကုမ္ပဏီ ၏ Promotion Campaign၊ Marketing Activities နှင့် Event များတွင် ပါဝင်ဆောင်ရွက်ရန်။
10. Customer Information၊ Sales Activities နှင့် အရောင်းအခြေအနေများကို စနစ်တကျ မှတ်တမ်းတင်ရန်။
11. စျေးကွက်အခြေအနေ၊ ပြိုင်ဘက် Software များနှင့် Customer Feedback များကို လေ့လာတင်ပြရန်။
12. Customer လိုအပ်ချက်များနှင့် ပတ်သက်၍ Technical Team နှင့် ပူးပေါင်းဆောင်ရွက်ရန်။
လိုအပ်ချက်များ
**လျှောက်ထားသူတွင် ရှိသင့်သော အရည်အချင်းများ**
- သက်ဆိုင်ရာ ပညာအရည်အချင်းရှိသူများ လျှောက်ထားနိုင်ပါသည်။
- Sales, Marketing သို့မဟုတ် Customer Service အတွေ့အကြုံရှိသူ ဦးစားပေးမည်။
- လူအများနှင့် ပြောဆိုဆက်ဆံရေး ကောင်းမွန်ပြီး Customer များအား ယုံကြည်မှုရှိစွာ ရှင်းလင်းတင်ပြနိုင်သူ ဖြစ်ရမည်။
- အခြေခံ Computer နှင့် Microsoft Office အသုံးပြုနိုင်ရမည်။
- IT နည်းပညာ၊ POS System နှင့် Business Software များကို စိတ်ဝင်စားသူ ဖြစ်ရမည်။
- Customer ၏ လိုအပ်ချက်ကို နားလည်ပြီး Product Benefit များကို ရှင်းလင်းပြောပြနိုင်ရမည်။
- အရောင်းရည်မှန်းချက် ပြည့်မီအောင် ကြိုးစားလိုစိတ်ရှိရမည်။
- မြိတ်မြို့အတွင်း Customer များထံ သွားရောက်၍ Field Sales ဆောင်ရွက်နိုင်ရမည်။
- တာဝန်ယူမှု၊ အချိန်မှန်မှုနှင့် Teamwork ကောင်းမွန်သူ ဖြစ်ရမည်။
- Facebook Marketing နှင့် Online Communication အသုံးပြုနိုင်သူ ဦးစားပေးမည်။
- Software Sales အတွေ့အကြုံမရှိသော်လည်း သင်ယူလိုစိတ်ရှိပြီး Sales & Marketing လုပ်ငန်းကို အမှန်တကယ် စိတ်ဝင်စားသူများလည်း လျှောက်ထားနိုင်ပါသည်။
ခံစားခွင့်များ
Basic Salary, Travel Allowance, Sale Commission, Male Allowance, Right Day & Right Time Bonus


