Myeik Job Net
← ကုမ္ပဏီအားလုံး

MBS Business Solution

သတင်းအချက်အလက်နည်းပညာ · မြိတ်

ကုမ္ပဏီအကြောင်း

**MBS Software ကုမ္ပဏီ** သည် မြန်မာနိုင်ငံ၊ မြိတ်မြို့တွင် အခြေစိုက်ပြီး စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှု ပိုမိုလွယ်ကူမြန်ဆန်စေရန်၊ စာရင်းအင်းများ တိကျမှန်ကန်စေရန်နှင့် ခေတ်မီနည်းပညာများကို လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်၍ Software Solutions များ ဖန်တီးပေးနေသော နည်းပညာကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် လက်လီ၊ လက်ကားအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆေးဆိုင်များ၊ ဖုန်းအရောင်းနှင့် ပြုပြင်ရေးလုပ်ငန်းများအပါအဝင် လုပ်ငန်းအမျိုးအစားစုံအတွက် POS System၊ Inventory Management System၊ Accounting & Business Management System နှင့် Mobile Application များကို လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီအောင် ရေးဆွဲဖန်တီးပေးလျက်ရှိပါသည်။

လုပ်ငန်းတစ်ခုချင်းစီ၏ လုပ်ငန်းလည်ပတ်ပုံနှင့် လိုအပ်ချက်များ မတူညီကြသည့်အတွက် အသုံးပြုရလွယ်ကူခြင်း၊ အချက်အလက်များ တိကျမှန်ကန်ခြင်း၊ အချိန်ကုန်သက်သာခြင်းနှင့် စီမံခန့်ခွဲမှု ပိုမိုထိရောက်ခြင်းတို့ကို အလေးထား၍ Software များကို ဖန်တီးပေးပါသည်။

MBS Software ကုမ္ပဏီ ၏ ရည်မှန်းချက်မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှစ၍ လုပ်ငန်းကြီးများအထိ Digital Technology ကို ထိရောက်စွာ အသုံးချနိုင်ပြီး စနစ်တကျ စီမံခန့်ခွဲနိုင်သော လုပ်ငန်းများအဖြစ် တိုးတက်လာစေရန် နည်းပညာဖြင့် ပံ့ပိုးကူညီပေးခြင်း ဖြစ်ပါသည်။

**MBS Software ကုမ္ပဏီ – Smart Software Solutions for Smarter Business.**

ကုမ္ပဏီအချက်အလက်

တည်နေရာMyay Ni Street
အီးမေးလ်phyothiha.jmart@gmail.com
ဖုန်း09778958425