ဤအလုပ်အကြောင်း
YAN GUI INTERNATIONAL CO., LTD တွင် စာရင်းကိုင် (Accountant) ဝန်ထမ်းတစ်ဦး အလိုရှိပါသည်။
ကုမ္ပဏီ၏ နေ့စဉ်ငွေစာရင်းများနှင့် ဘဏ္ဍာရေးမှတ်တမ်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည့် အတွေ့အကြုံရှိ စာရင်းကိုင်ဝန်ထမ်းကို ရှာဖွေနေပါသည်။
တာဝန်များ
• နေ့စဉ် ဝင်ငွေ၊ ထွက်ငွေ၊ ငွေသားစာရင်း၊ ရရန်စာရင်းနှင့် ပေးရန်စာရင်းများကို တိကျမှန်ကန်စွာ မှတ်တမ်းတင်ရန်။
• Voucher၊ Cash Book၊ Ledger၊ လစဉ်ငွေစာရင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာများ ပြုစုရန်။
• ငွေသား၊ ဘဏ်စာရင်းနှင့် ဆက်စပ်အထောက်အထားစာရွက်စာတမ်းများကို တိုက်ဆိုင်စစ်ဆေးရန်။
• လိုအပ်ပါက ကုန်ပစ္စည်းလက်ကျန်၊ အဝယ်၊ အရောင်းနှင့် ငွေပေးချေမှုမှတ်တမ်းများကို ကူညီစီမံရန်။
• ငွေစာရင်းဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းရန်။
• စီမံခန့်ခွဲမှုမှ ပေးအပ်သော အခြားစာရင်းကိုင်ဆိုင်ရာတာဝန်များကို ဆောင်ရွက်ရန်။
လိုအပ်ချက်များ
စာရင်းကိုင်လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ်နှင့်အထက် ရှိရမည်။
နေ့စဉ် ဝင်ငွေ၊ ထွက်ငွေ၊ ရရန်/ပေးရန် စာရင်းများနှင့် ငွေသားစာရင်းများကို စနစ်တကျ မှတ်တမ်းတင်နိုင်ရမည်။
ငွေစာရင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာများကို တိကျမှန်ကန်စွာ ပြုစုနိုင်ရမည်။
Microsoft Excel နှင့် အခြား ရုံးသုံးကွန်ပျူတာဆော့ဖ်ဝဲများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
အသေးစိတ်ဂရုစိုက်တတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်။
သတ်မှတ်ထားသော အချိန်အတွင်း ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရမည်။


